မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါ ဆိုစီဒက်နဲ့ပွဲစဉ်မှာ ဆီဗီလာနောက်ခံလူ ဆာဂျီယိုရာမို့စ်က ကစားသမား ဘဝတလျှောက် ၁၉ ကြိမ်မြောက် အနီကတ်ပြသခံရပါတယ်။
အဲဒီပွဲစဉ်မှာ ဆီဗီလာဘက်က ပွဲချိန် ၈၈ မိနစ်မှာ နာဗက်စ်နဲ့ ရာမို့စ်တို့ နှစ်ဦးစလုံး တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပြီး ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
စပိန်နောက်ခံလူဟာ ရီးရဲလ်မက်ဒရစ်မှာ အနီကတ် ၂၆ ကတ်၊ ပီအက်စ်ဂျီမှာ ၂ ကတ် ပြသခံခဲ့ရပြီး မနေ့ညက ဆီဗီလာအတွက် ပထမဆုံးအကြိမ်အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။
ကမ္ဘာ့ ဘောလုံးသမိုင်းမှတ်တမ်းတွေအရ အနီကတ်အများဆုံးပြသခဲ့ရတဲ့ ကစားသမားက ကိုလံဘီယာ ကွင်းလယ်ခံစစ်ကစားသမား ဘယ်ဒိုရာဖြစ်ပါတယ်။
သူဟာ တောင်အမေရိကကလပ်တွေမှာ အများဆုံးကစားခဲ့ပြီး အနီကတ် ၄၆ ကတ်အထိ ပြသခံခဲ့ရပါတယ်။
၂၁ ရာစုအတွင်းမှာတော့ ရာမို့စ်က အနီကတ် အများဆုံးဖြစ်ပြီး ရာဖေးလ်မားကွက်ဇ်က ၂၁ ကြိမ်၊ ဖီလစ်ပီမယ်လိုက အကြိမ် ၂၀ အသီးသီး အနီကတ်ပြသခံခဲ့ရပါတယ်။
Photo - Reuters