အက်စတန်ဗီလာအသင်းရဲ့အထက်မှာ ထိပ်တန်းအသင်း ၇ သင်းအထိရှိနေသေးကြောင်း နည်းပြ အူနိုင်းအမ်မရီက နှိမ့်ချပြောဆိုသွားပါတယ်။
ဗီလာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့်လေးအထိ တက်လှမ်းလာနိုင်ခဲ့တာပါ။
ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကစားခွင့်ရဖို့အထိ မျှော်လင့်ချက်ရှိနေပေမဲ့ ဗီလာအသင်းထက် ပိုကောင်းတဲ့ အသင်းကြီး ၇ သင်း ရှိနေဆဲဖြစ်ကြောင်း နည်းပြအမ်မရီက ပြောခဲ့တာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗီလာအသင်းထက်ပိုပြီး စိန်ခေါ်နိုင်တဲ့အသင်း ၇ သင်းရှိကြောင်း၊ ပွဲစဉ် ၃၈ ပွဲ ကစားရမှာဖြစ်လို့ ခြေစွမ်းကောင်းဖို့ ဆက်လက် ထိန်းသိမ်းနိုင်ဖို့က အရေးကြီးကြောင်း နည်းပြ အမ်မရီက ပြောပါတယ်။
ဗီလာအသင်းရဲ့အထက်မှာရှိနေတဲ့ အသင်းတွေက မန်စီးတီး၊ မန်ယူ၊ လီဗာပူး၊ အာဆင်နယ်၊ စပါး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ် အသင်းတွေဖြစ်ကြောင်း နည်းပြအမ်မရီက အစဉ်လိုက် ထုတ်ဖော်ချီးကျူးသွားခဲ့ ပါတယ်။
Photo - Reuters