နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့မှုအတွက် အသင်းနဲ့သက်ဆိုင်သူတွေကို တောင်းပန်ကြောင်း နောက်ခံလူ သီယာဂိုးဆေးလ်ဗားက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဒီရာသီမှာ လေးပွဲမြောက် လိဂ်ရှုံးပွဲတွေ့ခဲ့တာပါ။
ရှုံးနိမ့်ခဲ့မှုအတွက် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရပြီး အသင်းအတွက်ကောင်းမွန်တဲ့နေ့ မဟုတ်ခဲ့ကြောင်း၊ ယုံကြည်မှုပေးပြီး ထောက်ခံအားပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ အားလုံးကို တောင်းပန်ကြောင်း ဆေးလ်ဗားက ပြောပါတယ်။
ဆေးလ်ဗားက “ရှုံးပွဲအတွက် ကျနော် အပြည့်အဝတာဝန်ယူပါတယ်။ နောက်ပွဲတွေမှာ အတူတကွ တိုက်ခိုက်ပြီး ပိုပြီး သန်မာလာအောင်လုပ်ဆောင်ကြပါမယ်”လို့ ပြောပါတယ်။
ဘရာဇီး နောက်ခံလူဟာ ကာဆယ်ကဂျိုလင်တန်ရဲ့ တတိယမြောက်သွင်းဂိုးမှာ အမှား လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Photo-Reuters