Home
မြန်မာသတင်း
လောင်းလုံးတွင် အိမ်နှင့် ဆိုင်ကယ်များကိုမီးရှို့ပြီး ‘ဆန္ဒပြရင်ဒီထက်ဆိုးမယ်’ ဟု စာရေးသွား
DVB
·
November 25, 2023
LongLon Township_25112023
LongLon Township4_25112023
LongLon-Township8_25112023
LongLon-Township7_25112023
LongLon-Township6_25112023
LongLon-Township5_25112023
LongLon-Township4_25112023
LongLon-Township3_25112023
LongLon-Township1_25112023
LongLon-Township2_25112023
LongLon-Township_25112023

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ‘ဆန္ဒထပ်ပြရင် ဒီထက်ဆိုးမယ်’ ဆိုတဲ့ စာကို ရေးသားထားခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ဟာ ရေကြောင်းလမ်းကနေရောက်လာပြီး ရေလုပ်သားတွေနေထိုင်တဲ့ တဲအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးတော့ ပြည်သူတွေရဲ့ ဆိုင်ကယ် အစီး ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့သလို ဈေးဆိုင်တချို့ကိုလည်း မီးရှို့ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ အိမ်နဲ့ ဆိုင်ခန်း တံခါးပေါ်မှာ မှုတ်ဆေးနဲ့ ‘ဆန္ဒထပ်ပြရင် ဒီထက်ဆိုးမယ်’ ဆိုတဲ့ စာကိုရေးသားထားခဲ့တယ်လို့လည်း ဆိုပါတယ်။

လောင်းလုံးမြို့နယ်ဟာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေ အခုအချိန်အထိ ချီတက်နေတဲ့ မြို့တမြို့ ဖြစ်ပါတယ်။

စစ်ကောင်စီကို ထောက်ခံသူတွေကတော့ သပြေရှောင်ရွာက PDF စခန်းကို စစ်တပ်က ဝင်စီးပြီး ဆိုင်ကယ်နဲ့ အိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့ ပြောနေကြပေမဲ့ မှတ်တမ်း ဓာတ်ပုံတွေမှာတော့ ရွာထဲကလမ်းပေါ်မှာ ဆိုင်ကယ်တွေကို မီးရှို့ထားတာဖြစ်ပြီး ဖုန်းဆိုင်တဆိုင်ကို မွှေနှောက်ရှာဖွေထားတာကိုလည်း တွေ့ရပါတယ်။

ပြီးတော့ မြစ်ကမ်းဘေးက လှေတွေဆီကိုအတက်အဆင်းလုပ်တဲ့ တံတားဘေး ကပ်လျက်မှာရှိနေတဲ့ အိမ်တွေကို မီးရှို့ထားတာကိုလည်း တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024