ဥရောပဟာ ပြိုင်ဆိုင်မှုတွေကြောင့် တရုတ်နိုင်ငံနဲ့ လက်တွဲရမှာကို မကြောက်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်မြို့တော် ဘေဂျင်းမှာလုပ်တဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကဲ့သရင်း ကိုလွန်နာက တရုတ်နိုင်ငံရဲ့ မြို့တော်ဆီ အလည်အပတ် ရောက်နေပြီး အစောပိုင်းမှာ ဝန်ကြီးချုပ် လီချန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ပြင်သစ်တို့ရဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ပြန်လည်ချိန်ညှိခြင်းအပါအဝင် ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ တာပါ။
ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးပြဿနာတွေကို ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတွင်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအပေါ် ပွင့်လင်းမြင်သာမှု မရှိတဲ့ ဥပဒေတွေ ကိုလည်း ပြဋ္ဌာန်းထားလို့ အရေးပေါ်ဖြေရှင်းပေးဖို့ တောင်းဆို ခံထားရပါတယ်။
အရေးပါတဲ့ ကဏ္ဍတွေမှာ တရုတ်နိုင်ငံ အပေါ် စီးပွားရေး မှီခိုမှုကို လျှော့ချဖို့ ဥရောပအရာရှိတွေက အကြိမ်ကြိမ် ကတိပြုခဲ့ကြပါတယ်.
Source/Photo-Reuters