မန်စီးတီးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ဘဏ္ဍာရေးစည်းမျုဉ်းချိုးဖောက်မှုတွေက ကွဲပြားခြားနားတဲ့အကြောင်း စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
အဲဗာတန်အသင်းဟာ ၂၀၂၁ ခုနှစ်အတွင်းက ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်ခဲ့မှုနဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရတာပါ။
မန်စီးတီး အသင်းဟာလည်း ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက်အထိ ချိုးဖောက်ခဲ့ကြောင်း အက်ဖ်အေက စွပ်စွဲထားပြီး စုံစမ်းစစ်ဆေးနေတာပါ။
အဲဗာတန်အသင်းကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ မန်စီးတီးအသင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မရှိကြောင်းနဲ့ စွပ်စွဲခံရတဲ့အမှုချင်းလည်း ကွဲပြားခြားနားကြောင်း ဂွါဒီယိုလာကပြောပါတယ်။
ဒါပေမဲ့ အမှန်တကယ်အပြစ်ရှိခဲ့မယ်ဆိုရင်လည်း ပြစ်ဒဏ်ခံယူဖို့အသင့်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အပြစ်ကင်းစင်နေတာကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းမရှိတာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo - Reuters