သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ ရှားရှားပါးပါး နွေဦးရာသီ အပူလှိုင်းကြားမှာ ပါ့သ်မြို့ရှိ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အထိ လောင်ကျွမ်းနေတဲ့ တောမီးအများအပြားကို မီးသတ်သမားတွေ အင်တိုက်အားတိုက် ငြှိမ်းသတ်နေကြပါတယ်။
နိုဝင်ဘာ ၂၃ ရက်မှာလည်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတဲ့အပြင် မြို့တော်ရဲ့ မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားအများအပြားလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သြစတြေးလျအနောက်ပိုင်း ဒုတိယဝန်ကြီးချုပ် ရီတာ ဆက်ဖီယော့တီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ် ရီတာ ဆက်ဖီယော့တီက“ဒီအဆင့်မှာ အိမ်ခြေ ၁၀ လုံး၊ တဲလေးလုံး၊ ယာဉ်အစီးရေ အများအပြား ဆုံးရှုံးခဲ့ပြီး၊ ဓာတ်အားတိုင်တွေ အပါအဝင် အခြေခံအဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေကို နေရေးထိုင်ရေးအတွက် ကိုဗစ် ကွာရန်တင်း စင်တာကို အသုံးပြုဖို့ စီစဉ်နေကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။
Source/Photo - Reuters