ဂါဇာမှာရှိတဲ့ အယ်လ်ရှိဖှာ ဆေးရုံအောက်က ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ဥမင်လိုဏ်ခေါင်းလို့ အစ္စရေး စစ်တပ်က ပြောထားတဲ့ ဓာတ်ပုံနှစ်ပုံကို နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အယ်လ်ရှီဖာ ဆေးရုံဝင်းအောက် ၁၀ မီတာအနက်မှာ ပါလက်စတိုင်းတို့က တူးဖော်ထားတဲ့ ၅၅ မီတာအရှည်ရှိတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုရဲ့ ရုပ်သံကို အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ဖြန့်ချိပါတယ်။ ဓာတ်ပုံတွေရဲ့ တည်နေရာနဲ့ ရိုက်ကူးခဲ့တဲ့ ရက်စွဲကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပါလက်စတိုင်း စစ်ဘေးဒုက္ခသည် ထောင်ပေါင်းများစွာအတွက် အမိုးအကာတစ်ခုဖြစ်တဲ့ အယ်လ်ရှိဖှာ ဆေးရုံဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက လူနာတွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အစ္စရေးတပ်တွေက ဝှက်ထားတဲ့ ဟားမတ်စ် အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ဆင်ရေးလို့ ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ရွှေ့ခိုင်းခဲ့တာပါ။
ပါလက်စတိုင်း နယ်မြေတလျှောက် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ကီလိုမီတာ ရာချီတဲ့ လျှို့ဝှက်လိုဏ်ခေါင်းတွေ ပါတဲ့ ကွန်ရက်တစ်ခုရှိတာကို အသိအမှတ်ပြုပေမယ့် ဆေးရုံတွေလို အရပ်ဘက်အခြေခံအဆောက်အအုံတွေမှာတော့ မရှိဘူးလို့ ဟားမတ်စ်က ငြင်းဆိုထားပါတယ်။
Source/Photo - Reuters