ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ ထိုင်ဝမ်ကျွန်းနားက ရေပြင်မှာ နိုဝင်ဘာ ၂၁ ရက်က ပူးတွဲကင်းလှည့်ခဲ့တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလှုပ်ရှားမှုဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာမှုကို မီးလောင်ရာ လေပင့်သလို ဖြစ်လာနိုင်တယ်လို့ သူတို့က ပြောပါတယ်။
ဖိလစ်ပိုင် စစ်တပ်ဘက်က FA-50 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းနဲ့ A-29B စူပါတူကာနို အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တစ်စင်းတို့ ပါမှာဖြစ်ပြီး လေကြောင်းလေ့ကျင့်ရာမှာ အမေရိကန်က P8-A ပိုစီဒွန် ရေကြောင်းကင်းလှည့်နဲ့ ကင်းထောက် လေယာဉ်တစ်စင်း စေလွှတ်မယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။
ရေကြောင်းစစ်ရေး လေ့ကျင့်ရာမှာပါတဲ့ ရေတပ်သင်္ဘောတွေပါတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်နဲ့ (62 မိုင်) အကွာ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်စွန်းမှာရှိတဲ့ မာဗူးလစ်စ်ကျွန်းမှာ စလုပ်မှာလို့ လူဇုန်ကျွန်းမြောက်ပိုင်း ကွပ်ကဲမှုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ယူဂျင်း ကာဘူဆောင်က ပြောပါတယ်။
ဖိလစ်ပိုင်ကုန်းမကြီးတောင်ဘက် မိုင် 900 အထိ ရှည်တဲ့ ‘ကိုးဒက်ရှ်မျဉ်း’ ကို အခြေခံပြီး ကင်းလှည့်တာတွေဟာ တောင်တရုတ်ပင်လယ် နေရာအများစုကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားတဲ့ တရုတ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။
တောင်တရုတ်ပင်လယ်ရဲ့ အထူးစီးပွားရေးဇုန်ကို ပိုင်တယ်လို့ တရုတ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က အပြိုင်အဆိုင် ပြောရင်း ပိုင်နက်အငြင်းပွားနေကြပါတယ်။
Source/Photo - Reuters