အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးဟာ နံပါတ်နှစ် ဂိုးသမား နေရာအတွက် ကောင်းလွန်းနေတယ်လို့ အသင်းဂန္ထဝင်ဂိုးသမား ဒေးဗစ်ဆီးမင်းက ပြောပါတယ်။
စပိန်ဂိုးသမား ဒေးဗစ်ရာယာကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း အင်္ဂလန်ဂိုးသမား ရမ်စ်ဒေးဟာ ပထမနေရာကနေ အရန်ဂိုးသမား ဖြစ်သွားခဲ့ရတာပါ။
အာရွန်ရမ်စ်ဒေးက ထိပ်တန်းအဆင့် ဂိုးသမားဖြစ်ပြီး နံပါတ်နှစ် ဂိုးသမား နေရာအတွက် ကောင်းမွန်လွန်းနေကြောင်း၊ ပွဲထွက်ခွင့်မရတော့တာက ယူရို ၂၀၂၄ ပြိုင်ပွဲလူစာရင်းမှာ ပါဝင်ခွင့်ရဖို့အတွက်လည်း အခွင့်အလမ်းနည်းပါးသွားနိုင်ကြောင်း ဒေးဗစ်ဆီးမင်းက ပြောပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ရမ်စ်ဒေးအနေနဲ့ ပွဲထွက်ခွင့် ဆက်လက် ပျောက်ဆုံးနေမယ်ဆိုရင် လက်ရွေးစင်မှာ ပါဝင်ဖို့ အာမခံချက် မရှိကြောင်း ပြောထားပါတယ်။
Photo - Reuters