အင်္ဂလန်လက်ရွေးစင်အသင်းကို ကမ္ဘာ့အဆင့် ၁ အသင်းဖြစ်လာဖို့ နည်းပြဆောက်ဂိတ်က မျှော် မှန်းထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့အဆင့် ၄ မှာရပ်တည်နေတဲ့အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့်သုံးနေရာဆီ တက်လှမ်းဖို့ရှိပါတယ်။
ကမ္ဘာ့နံပါတ် ၁ အသင်းဖြစ်လာဖို့ဆိုရင် ပွဲစဉ်တိုင်းမှာ ခြေစွမ်းကို စဉ်ဆက်မပြတ်ထိန်းထားနိုင်ဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲတိုင်းမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနိုင်မှသာ ဖြစ်လာနိုင်မှာ ဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
လက်ရှိအဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားက အဆင့် ၁၊ ပြင်သစ်က အဆင့် ၂၊ ဘရာဇီးက အဆင့် ၃ နေရာမှာရပ်တည်နေတာပါ။
ဘရာဇီးအသင်းရဲ့ နှစ်ပွဲဆက်အရှုံးကြောင့် အင်္ဂလန်အသင်းက အဆင့် ၃ နေရာကို တက်လှမ်းလာဖို့ ရှိနေပါတယ်။
Photo-Reuters