Home
မြန်မာသတင်း
ဆေးရုံအုပ်နှင့် ဝန်ထမ်းများစွန့်ခွါသွားပြီးနောက်  ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံကို ချိပ်ပိတ် 
DVB
·
November 20, 2023

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက် ချိပ်ပိတ်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မြို့နယ်ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းနဲ့ ကျန်းမာရေးလုပ်သား အယောက် ၂၀ လောက်ဟာ ဆေးရုံကြီးကို စွန့်ခွာတိမ်းရှောင် သွားတဲ့အတွက် စစ်ကောင်စီက ချိပ်ပိတ်သွားခဲ့တာဖြစ်ပါတယ်။

ဒေသခံ အမျိုးသား တစ်ဦးက"ဆေးရုံက လူနာတွေလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဆင်းသွားကြတယ်။ မနက် ၁၀ နာရီလောက်က ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းတွေ ကျန်းမာရေးလုပ်သားတွေ အားလုံးပေါင်း အယောက် ၂၀လောက်က ဆေးရုံကို စွန့်ခွာသွားပြီ။ ဆေးရုံမှာ ဘယ်သူမှ မရှိတော့ စစ်ကောင်စီတပ်က လာပြီး ဆေးရုံကို ချိပ်ပိတ်သွားတယ်"လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၈ရက် ညနေပိုင်းမှာ ဘုတလင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲပြီးနောက် နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ဆေးရုံအုပ်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူ့ဆေးရုံကြီးကို စွန့်ခွာတိမ်းရှောင်သွားခဲ့ကြတာပါ။

ဘုတလင်မြို့နယ်မှာ ပြည်သူ့ဆေးရုံအပါအဝင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွေက ဝန်ထမ်းတွေဟာ ဌာနတွေကို စွန့်ခွာ တိမ်းရှောင်သွားတဲ့အတွက် စစ်ကောင်စီက  ဌာနတွေကို ချိပ်ပိတ်ထားခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013