ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဂျရေမီဟန့်ထ်က ငွေကြေးဖောင်းပွမှုကို တွန်းအားဖြစ်စေမယ့် အခွန်ဖြတ်တောက်မှုကို အကောင်အထည်ဖော်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ဟန့်ထ်က သူ့ရဲ့ ဆောင်းဦး ကြေညာချက်ထဲမှာ နောက်ဆုံးထုတ် ရသုံးမှန်းခြေ ငွေစာရင်းထဲမှာ ဝင်ငွေခွန် ဒါမှမဟုတ် အမျိုးသားအာမခံကို ဖြတ်တောက်ဖို့ စဉ်းစားနေတယ်လို့ Sunday Times သတင်းစာက ရေးပါတယ်။
“ကျနော်တို့ တို့လုပ်ရမယ့်အရာက ငွေကြေးဖောင်းပွမှုကို လောင်စာဖြစ်စေတဲ့ အခွန် ဖြတ်တောက်မှုမျိုးပါပဲ"လို့ ဟန့်ထ်က စကိုင်းနယူးစ် သတင်းဌာနကို ပြောပါတယ်။
အမွေဆက်ခံမှုအခွန်ကို ဖြတ်တောက်မလားလို့ မေးတဲ့အခါ ဆိုးရွားတဲ့ သတင်းတွေကြောင့် ရွှေ့ဆိုင်းလိုက်နိုင်တယ်လို့ Sunday Times သတင်းဌာနကို ပြောခဲ့ပါတယ်။
အခွန်လျှော့ချဖို့ တခုတည်းသောနည်းလမ်းက ပြည်သူ့ဘဏ္ဍာကို ပိုထိထိ ရောက်ရောက် သုံးဖို့ပဲလို့လည်းသူက ပြောပါတယ်။
တစ်ချိန်တည်းမှာ အတိုက်အခံ လေဘာပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရေချယ် ရီးဗ်စ်က အမွေဆက်ခံမှုအခွန် ဖြတ်တောက်ခြင်းဟာ လူနေမှုစရိတ်စက အကျပ်အတည်းအတွင်း မှားယွင်းတဲ့ ဦးစားပေးမှုလို့ ပြောပါတယ်။
“အစိုးရအနေနဲ့ ပိုက်ဆံတွေဘယ်က လာတယ်ဆိုတာ ရှင်းပြနိုင်ရင် အလုပ်သမားတွေ အပေါ် အခွန်လျှော့ပေးတာက ပံ့ပိုးပေးမယ့် အရာပါပဲ” လို့လည်း ရိဗ်စ်က ပြောပါတယ်။
Source/Photo-Reuters