မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ ဒဏ်ရာဟာ ပြင်းထန်မှုမရှိတာကြောင့် လီဗာပူးနဲ့ ပရီးမီးယား လိဂ်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။
ဟာလန်းဟာ နော်ဝေအသင်းက ဖာရိုးကျွန်းစုများအသင်းကို ၂ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့ပါတယ်။
မိနစ် ၉၀ အထိ ကစားသွားခဲ့ပေမဲ့ ပွဲအပြီးမှာခြေကျင်းဝတ်အနာတရဖြစ်ခဲ့လို့ နော်ဝေအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။
ဟာလန်းရဲဲ့ဒဏ်ရာဟာ ပြင်းထန်နိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ အသေး စားဒဏ်ရာသာဖြစ်လို့ လာမယ့် စနေနေ့မှာ ကစားရမယ့် လီဗာပူးနဲ့ပွဲမှာ ပြန်လည်ပါဝင် လာမယ်လို့သိရပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၃ဂို းသွင်းထားပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ် ဆုံးနေရာကနေ ရပ်တည်နေပါတယ်။
Photo-Reuters