Home
သတင်းဓာတ်ပုံ
ကျဆုံးခဲ့သူ ကရင်နီရဲဘော် ၃ ဦးကို ဂုဏ်ပြုသင်္ဂြိုဟ် (ဓာတ်ပုံ)
DVB
·
November 19, 2023
KNDF2_19112023
KNDF5_19112023
KNDF4_19112023
KNDF1_19112023
KMDF_19112023

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ စက်တော်ရာကုန်းကိုသိမ်းတဲ့ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၁ က ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ယောက်ရဲ့ ဈာပနကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်လာပါတယ်။

စက်တော်ရာကုန်းသိမ်းတိုက်ပွဲအတွင်း နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရဲဘော် အာကာအောင်နဲ့ ရဲဘော် စန်းမြင့်အောင် ကျဆုံးခဲ့ရပြီး ၁၆ ရက်နေ့မှာတော့ ရဲဘော် ပန်းစိန်အောင် ကျဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေက ပြင်းထန်နေတော့ အကျအဆုံးတွေလည်း ရှိတယ်လို့ ရဲဘော်တယောက်က ပြောပါတယ်။ကရင်နီပြည်နယ်နဲ့ မိုးဗြဲမြို့တို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး ဖော်ဆောင်နေတဲ့  ၁၁.၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ရာကျော်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ကျဆုံးသူတွေရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024