Home
မြန်မာသတင်း
ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၄၀ ကျော်သေဟု NUG ပြော
DVB
·
November 19, 2023
NUG_19112023

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ထိ တွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ (၈၄) က ဗိုလ်ကြီး လှမျိုးသူ အပါအဝင် အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာ အနောက်ဘက် အင်တိုင်းတောနဲ့ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင် နားမှာ ၄ ရက်လောက် တပ်ဖျောက်ထားတဲ့ စစ်ကြောင်း ခလရ (၈၄/၁၉) စစ်ကောင် စီတပ် ပေါင်းစုအင်အား ၁၅၀ လောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီ စစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းက တပ်ခွဲ (၃ နဲ့ ၄)၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

မနက် ၅.၄၅ နာရီကနေ ညနေ ၄ နာရီခွဲ အချိန်အထိ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီးတော့ အဆိုပါတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်ကနေ သေဆုံး ဒဏ်ရာရ တပ်သားတွေကို သုံးဘီးနဲ့ ၃ ခေါက် သယ်ထုတ်ပြီးတော့ စစ်တောင်းမြစ်ကို ဖြတ်ကူးရာမှာ လှေနဲ့ ၉ ခေါက် သယ်ထုတ်ခဲ့ရ တယ်လို့ အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ တနေ ကုန် အသုံးပြုခဲ့ကြပြီး အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရပြီး ၈ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေ ကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024