ကင်ညာနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ မွမ်ဘာဆာ မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် မြို့ခံတွေဟာ သူတို့ရဲ့ ရင်ဘတ်အထိ မြင့်တက်နေတဲ ရေတွေကြားကနေ သွားလာလှုပ်ရှား နေရပါတယ်။
မြို့တော် နိုင်ရိုဘီမှ ကီလိုမီတာ ၅၀၀ နီးပါးအကွာက ကီဆောင်နီ ခရိုင်ထဲရှိ မွမ်ဘာဆာ မြို့မှာ ရေလျှံနေတဲ့ ဘတ်စ်ကားထဲကနေ ခရီးသည်တွေဟာ သူတို့ကိုယ်သူတို့ ဘေးလွတ်ရာကို ရောက်ရှိဖို့ ကြိုးတွေတန်းပြီး ကိုင်ဆွဲ သွားလာနေကြတာပါ။
ပြီးခဲ့တဲ့ တလလောက် မတိုင်ခင်က မိုးရာသီ စတင်ခဲ့ကတည်းက ကင်ညာနိုင်ငံမှာ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့ကြောင်း Save the Children အဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
သေဆုံးသူဦးရေ တိုးလာဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လျှပ်တပြက်ရေကြီးမှုတွေကြောင့် အရှေ့အာဖရိကတဝှမ်းရှိ မြို့တွေမှာ ရေနစ်မြုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ဘမ်ဘူရီမြို့ ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေ နစ်မြုပ်ကုန်တာကြောင့် ရေမြောင်းတွေ ပိတ်ဆို့ခြင်းကို ရှင်းထုတ်ဖို့နဲ့ ပြုပြင်ဖို့ ပျက်ကွက်ခြင်းတွေအတွက် အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောဆိုနေကြပါတယ်။
Source/Photo-Reuters