Home
နိုင်ငံတကာ
Open AI ၏ စီအီးအိုကို ဘုတ်အဖွဲ့က ရာထူးမှ ထုတ်ပယ်
DVB
·
November 18, 2023

Chat GPT ထုတ်လုပ်သူ Open AI ရဲ့ စီအီးအိုဖြစ်သူ ဆယ်မြူယလ် အာ့လ်ထ်မန်ကို ဘုတ်အဖွဲ့မှ သူ့ရဲ့ဦးဆောင်နိုင်စွမ်းအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားပြီးနောက် ရာထူးမှ ထုတ်ပယ်လိုက် 

ကြောင်း ကုမ္ပဏီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပြီး နည်းပညာနယ်ပယ်မှာ ထိတ်လန့်ဖွယ် ဂယက်လှိုင်းတွေ ထသွားပါတယ်။ 

Open AI ရဲ့ နည်းပညာ အရာရှိချုပ် မီရာ မူရာတီက ယာယီ စီအီးအိုအဖြစ် တာဝန်ယူမှာဖြစ်ပြီး အမြဲတမ်း CEO တဦးကို တရားဝင်ရှာဖွေသွားမှာဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။ 

ရာထူး ထုတ်ပယ်ခံလိုက်ရတဲ့  OpenAI ရဲ့ စီအီးအို ဆမ် အာ့လ်ထ်မန်က သူ အကြောက်ဆုံးဟာ ဒီ နည်းပညာ လုပ်ငန်းနယ်ပယ်ဟာ ကမ္ဘာကြီးကို ပုံစံအမျိုးမျိုးနဲ့ သိသာထင်ရှားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။ 

ဒီနည်းပညာ မှားသွားရင် တော်တော်မှားသွားနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီလိုမဖြစ်အောင် အစိုးရကိုလည်း ပူးပေါင်းဆောင်ရွက်စေချင်ကြောင်းနဲ့ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြိုးစားနေပြီးတော့ လျော့ပါးသွားအောင် လုပ်ရမယ် လို့လည်း ဆိုပါတယ်။ 

မိုက်ခရိုဆော့ဖှ် မှ ဒေါ်လာဘီလီယံပေါင်းများစွာ ကျောထောက်နောက်ခံပြုထားတဲ့ Open AI ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက သူ့ရဲ့ Chat GPT စကားပြောစက်ရုပ်ကို ထုတ်ပြလိုက်ခြင်းအားဖြင့် မျိုးဆက်သစ် AI ရေစီးကြောင်းကို စတင်ခဲ့ပါတယ်။

Chat GPT စကားပြောစက်ရုပ်ဟာ ကမ္ဘာပေါ်ရှိ တိုးတက်မှုအမြန်ဆုံး ဆော့ဖ်ဝဲအက်ပ်တွေထဲမှ တခုဖြစ်လာခဲ့ပါတယ်။ 

Source/Photo-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013