အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသက ပြိုကျနေတဲ့ အဝေးပြေးလမ်း ရှိရာ ဥမင်လိုဏ်ခေါင်းထဲ မှာ ပိတ်မိနေတဲ့ အလုပ်သမား အယောက် ၄၀ ကို ကယ်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးသမား တွေဟာ ရုတ်တရက် အက်ကွဲသံကို ကြားလိုက်ရပြီး မြေတူးစက်မှာ အပျက်အစီးတခု ဖြစ်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁၇ ရက်မှာ အလုပ်တွေကို ခဏရပ်ခဲ့ ပါတယ်။
အလုပ်သမားတွေဟာ နိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်က တောင်စောင်း ဥမင်လိုဏ်ခေါင်းထဲ မှာ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက စပြီး ပိတ်မိနေပေမယ့် ဘေးကင်းတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ အလင်းရောင်၊ အောက်ဆီဂျင်၊ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေကို ပိုက် တခုကနေ တဆင့် ရရှိကြပြီး လမ်းလျှောက် စကားပြောစက်က တဆင့် ဆက်သွယ်နိုင်ကြပါတယ်။
သူတို့ မိသားစုတွေက စိုးရိမ်တကြီးနဲ့ စောင့်နေကြ ပြီး တချို့က ဥမင်အပြင်မှာ စခန်းချနေကြတာပါ။
၃ မိုင်ရှည်တဲ့လိုဏ်ခေါင်းဟာ ၀န်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရရဲ့ ရည်မှန်းချက်အရှိဆုံး ပရောဂျက် တွေထဲက တစ်ခုဖြစ်တဲ့ ချားဒဟမ် အဝေးပြေးလမ်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အာဏာပိုင်တွေက ဥမင်အတွင်း ဘာကြောင့် ပြိုကျတာလဲဆိုတာကို မပြောပေမယ့် ဒီဒေသမှာ မြေပြိုတာ၊ ငလျင်လှုပ်တာနဲ့ ရေလွှမ်းမိုးတာတွေ ထူပြောတယ်လို့ ရိုက်တာသတင်းဌာန ဖော်ပြ ပါတယ်။.
Source/Photo-Reuters