အမေရိကန်သမ္မတ အိမ်ဖြူတော်က ကမ္ဘာ့ထိပ်တန်း နည်းပညာနဲ့ ဆက်သွယ်ရေး လုပ်ငန်းစုံ ပိုင်ရှင် သူကြွယ်ကြီး အီလွန်မတ်စ်ခ်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာဆိုက် X ပေါ်ကနေ ဆီမိုက် မျိုးနွယ်စုတွေ အပေါ် မုန်းတီးရေးနဲ့ လူမျိုးရေး မုန်းတီးမှုတွေကို စက်ဆုပ်စရာ ကောင်းလောက်အောင် ထပ်ခါတလဲလဲ စည်းရုံးလှုပ်ရှားခဲ့ပြီး ဒီဝါဒတွေဟာ အမေရိကန်တွေရဲ့ ပင်မတန်ဖိုးတွေအပေါ်မှာ စီးဆင်းလည်ပတ်နေတယ်လို့ ပြောခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေကို နာဇီဂျာမန်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်အ ပြီး နောက်ပိုင်း သမိုင်းတလျှောက် အဆိုးရွားဆုံးအနေနဲ့ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနိုင်ငံက ဂျူးတွေ အသတ်ခံရ ပါတယ်။
အဲဒီနောက် တလအကြာမှာ အီလွန်မတ်စ်ခ်ရဲ့ စကားကို အိမ်ဖြူတော်က ခုလို တုန့်ပြန်လိုက်တာပါ။
“ဆိုးရွားတဲ့ မုသားစကားကို ထပ်ခါတလဲ ပြောနေတာ လက်မခံနိုင်ပါဘူး” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်ဒရူး ဘိတ်စ်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အီလွန်မတ်စ်ခ် ကိုယ်တိုင် နဲ့ လူမှုကွန်ရက် မီဒီယာ X ရဲ့ ကိုယ်စားလှယ်တွေကို ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။
X ဟာ အစောပိုင်းမှာ အီလွန်မတ်စ်ခ်ရဲ့ ပို့စ်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ဂျူးအသိုင်းအ၀ိုင်းက အဖွဲ့ဝင်တွေက လူဖြူတွေအပေါ် အမုန်းပွားစေတယ်လို့ မှားမှားယွင်းယွင်း အခိုင်အမာ ဆိုထားတဲ့ ပို့စ်ကို ထောက်ခံခဲ့ပါတယ်။
IBM ကုမ္ပဏီရဲ့ ကြော်ငြာတွေကို အဒေါ့ဖ်ဟစ်တလာနဲ့ နာဇီပါတီကို အရောင်းမြှင့်တင်တဲ့ အကြောင်းအရာတွေရဲ့ ဘေးမှာ ထားတာကိုတွေ့အပြီး X လူမှုကွန်ရက်ပေါ်က ကြော်ငြာ အားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်တယ်လို့ ကြာသပတေးနေ့မှာ IBM က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters