ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတွေဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပါက တန်းဆင်းပြစ်ဒဏ်တွေအထိ ချမှတ်ခံရနိုင်ပါတယ်။
လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရဲ့အဖွဲ့ဟာ အဲဗာတန်အသင်းကို ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုရှိ မရှိကို ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတွေကိုလည်း စစ်ဆေးသွားဖို့ရှိနေတာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သလို ချဲလ်ဆီးဟာလည်း ပိုင်ရှင်ဟောင်းရိုမန်အေဗရာမိုဗစ် လက်ထက်က ငွေပေးချေမှုတွေနဲ့ ပတ်သက်လို့ သံသယမကင်း ဖြစ်ခဲ့တာပါ။
သူတို့နှစ်သင်းအနေနဲ့ စွပ်စွဲခံထားရတဲ့အပေါ် လုံလောက်တဲ့သက်သေမပြသနိုင်ဘူးဆိုရင် တန်းဆင်းသွားရနိုင်တဲ့အထိ အန္တရာယ်ရှိကြောင်း ဘဏ္ဍာရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ စတီဖန် ဘော်ဆန်ကဆိုပါတယ်။
Photo-Reuters