တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားစားခြင်းကို တားမြစ်ဖို့နဲ့ တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ အသိပညာတွေ တိုးပွားလာချိန်မှာ ရှေးထုံးတမ်းစဉ်လာအငြင်းပွားမှုကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ အာဏာရပါတီရဲ့ မူဝါဒရေးရာ အကြီးအကဲတဦးက နိုဝင်ဘာ ၁၇ ရက်က ပြောပါတယ်။
အစိုးရနဲ့ အာဏာရပါတီတို့က ခွေးသားစားတာနဲ့ ပတ်သက်လို့ တားမြစ်ချက်တရပ်ကို ပြဋ္ဌာန်းဖို့ အခုနှစ်အတွင်း ဥပဒေကြမ်းတရပ်ကို မိတ်ဆက်မှာဖြစ်ကြောင်း အာဏာရ ပြည်သူ့အာဏာပါတီရဲ့ မူဝါဒရေးရာ အကြီးအကဲ ယူအွီဒုန်က ပြောပါတယ်။
ပါတီ နှစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့ ဥပဒေကြမ်းကို လွှတ်တော်မှတဆင့် ဖြတ်သန်းသင့်ကြောင်းလည်း သူက ဆိုပါတယ်။
တိရစ္ဆာန်အခွင့်အရေးအဖွဲ့တွေက အခုလို ဥပဒေထုတ် တားမြစ်မယ့် အလားအလာကို ကြိုဆိုခဲ့ကြပေမယ့် ခွေးမွေးမြူရေး လုပ်ငန်းရှင်တွေကတော့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ရှာဖွေစားသောက်ခွင့်ကို လျစ်လျူရှုခြင်းဖြစ်ကြောင်း ပြောဆိုပြီး ပါလီမန်ရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အစိုးရ အချက်အလက်တွေအရ တောင်ကိုရီးယားနိုင်ငံမှာ ခွေးမွေးမြူရေးခြံ ၁,၁၅၀ ခြံ၊ သားသတ်ရုံ ၃၄ လုံး၊ ဖြန့်ဖြူးရေးကုမ္ပဏီပေါင်း ၂၁၉ ခုနဲ့ ခွေးသား ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်ပေါင်း ၁,၆၀၀ လောက်ရှိတယ်လို့သိရပါတယ်။
ခွေးသားစားတဲ့ ကိုရီးယားဓလေ့ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်ပရဲ့ ဝေဖန်မှုတွေ ခံရပြီး အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေကလည်း ပြည်တွင်းမှာ ဆန့်ကျင်မှုတွေ တိုးလာခဲ့ပါတယ်။
Source/Photo-Reuters