Home
မြန်မာသတင်း
ကော့ကရိတ်ခရိုင် ဌာနဆိုင်ရာဝန်ထမ်းများ ၇ ရက်အတွင်း အမြန်ထွက်ခွာရန် KNU သတိပေး
DVB
·
November 17, 2023
Phapon hospital_17112023

ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်ခရိုင်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားက‌နေ  ၇ ရက်အတွင်း အမြန်ဆုံးထွက်ခွာသွားပေးဖို့ ကော့ကရိတ်မြို့နယ်၊  အမြဲတမ်းကော်မတီက နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ ၆ နယ်မြေထဲက ကျိုက်ဒုံ၊ ကော့ကရိတ်၊ စုကလိ၊ ဝေါ်လေမြိုင်က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို အကြိမ်ကြိမ်သတိပေးပြီးဖြစ်လို့ အခု စာထုတ်ပြန်တဲ့နေ့ကစပြီး ၇ ရက်အတွင်း မြို့တွင်းကနေ အမြန်ဆုံးထွက်ခွားသွားကြဖို့ နောက်ဆုံးအကြိမ် သတိပေးလိုက်တာလို့ ဆိုပါတယ်။

အခုထုတ်ပြန်ချက်ကို မလိုက်နာရင် နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ အမြဲတမ်းကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၄ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်စေဖို့ ထွေအုပ်ရုံး၊ မီးသတ်၊ ရဲစခန်းနဲ့ တပ်စခန်းတွေအပြင် ထိုင်း-မြန်မာနယ်စပ်အနီးက ကွီးလုံတိုင်တပ်စခန်း၊ ကနဲလေးတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ကရင်ပြည်နယ်အတွင်း တပ်မ ၂၂ ဌာနချုပ်၊ တပ်ရင်းတွေ၊ သံလွင်တံတားစစ်ဆေးဂိတ်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့ကရိတ် လဝကရုံး၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းနဲ့ ဖာပွန်မြို့နယ်အုပ်ချုပ်ရုံးမှူးရုံးတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024