ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမှာ နိုဝင်ဘာ ၁၆ ရက်က ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်မကစားခင်မှာ ဘူလ်ဂေးရီးယား ပရိသတ်တွေနဲ့ ရဲတွေ ပြင်းပြင်းထန်ထန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ သူတို့ကို မီးကျည်တွေ၊ မီးရှူးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဆန္ဒပြပရိသတ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး လူအုပ်ကို လူစုခွဲဖို့ ငရုတ်ကောင်းရည်နဲ့ မီးသတ်ပိုက်တွေကို အသုံးပြုပြီး ရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့ပါတယ်။
ကလပ်အသင်းအဖွဲ့ အသီးသီးက ပရိသတ်တွေ စုဝေးပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုအတွင်း ဘူလ်ဂေးရီးယားအတွက် နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်ဘုတ်အဖွဲ့ကို နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
လက်ရှိအချိန်မှာ ဘူလ်ဂေးရီးယားအသင်းဟာ အုပ်စု G ရဲ့ အောက်ဆုံးမှာ ရပ်တည်နေတဲ့ အတွက် လာမယ့်နွေရာသီ ဂျာမနီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခြင်း မရှိပါဘူး။
Source/Photo-Reuters