ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီး နိုဝင်ဘာ ၁၇ ရက်မနက်က အင်အားရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၈ နာရီ၊ ၇ မိနစ်၊ ၁၀ စက္ကန့်အချိန်က ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ အနက် ၂၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်သွားတာလို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုကို ကျိုင်းတုံ၊ တာချီလိတ်မြို့တွေသာမက ထိုင်းနိုင်ငံ ချင်းရိုင်နဲ့ ချင်းမိုင်မြို့တွေအထိ ခံစားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ လူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေ သတင်းတွေကတော့ လတ်တလော မရရှိသေးပါဘူး။
PHOTO-မိုးဇလ