Home
မြန်မာသတင်း
ဒုံးညို နယ်ခြားစောင့်စခန်းကို အေအေ သိမ်းပိုက်
DVB
·
November 16, 2023
BorderGuardForce_16112023

ရခိုင်ပြည်နယ် မြောက်ဘက်အစွန်ဆုံး မြန်မာ-ဘင်္ဂလား-အိန္ဒိယ နယ်စပ်ရှိ ဒုံးညိုစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီကျော်မှာ သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒုံးညိုကျေးရွာ ဒေသခံတွေက ပြောပါတယ်။

“အေအေက ဒုံးညိုကျေးရွာက နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်တာ။ လေကြောင်းကလာပြီး ကျေးရွာတွေကို ဗုံး ၃ လုံးကြဲချခဲ့တာ။ ရွာသူရွာသားတွေအားလုံး ဗုံးကျင်းတွေမှာ ခိုနေရတယ်။​”

လက်ရှိမှာ အေအေက ဗန္ဓုလစခန်းနဲ့ နယ်မြေ ၁ အောင်သပြေစခန်းတို့ကို လက်နက်ချဖို့ ကမ်းလှမ်းထားကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ဗန္ဓုလစခန်းနဲ့ အောင်သပြေနယ်မြေကိုတော့ မတိုက်သေးဘူးဗျ။ လက်နက်ချဖို့ ပြောထားတယ်လို့တော့ သိရတယ်။ နောက်ထပ် ဘယ်လိုတွေဖြစ်လာမလဲတော့ မပြောတတ်ဘူး။”

လက်ရှိ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော နယ်ခြားစောင့်စခန်းကြီးတွေအနီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေ ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024