စီမီလန်အသင်းက အီတလီလက်ရွေးစင်နောက်ခံလူ ဖလော်ရမ်ဇီကို တရားမဝင် လောင်းကစားမှုနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖလော်ရန်ဇီဟာ တိုနယ်လီ၊ ဖီဂိုလီနဲ့ ဇာနီအိုလိုတို့ ပြီးနောက် တရားမဝင် လောင်းကစားမှုနဲ့ စစ်ဆေးခံနေရတဲ့ စတုတ္ထမြောက် အီတလီကစားသမား ဖြစ်လာပါတယ်။
အသက် ၃၂ နှစ်ရှိ အီတလီ နောက်ခံလူဟာ ရိုးမား၊ ပီအက်စ်ဂျီနဲ့ ဗလင်စီယာအသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး အဲဒီအချိန်က မှတ်တမ်းမှတ်ရာတွေကိုလည်း စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ဘောလုံးသမားတစ်ယောက်အတွက် ကန့်သတ်ထားတဲ့ လောင်းကစားမှုတွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့မရှိဘဲ ဒဏ်ကြေးပေးဆောင်ရဖို့သာ ရှိတယ်လို့ သိရပါတယ်။
တိုနယ်လီနဲ့ ဖီဂိုလီတို့ကတော့ ၁၀ လ နဲ့ ၇ လ ပွဲပယ်ပြစ် ဒဏ်တွေ အသီးသီး ချမှတ်ခံထားရပါတယ်။
Photo - Reuters