အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရလိမ့်မယ်လို့ မျှော်လင့်မထားကြောင်း ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာက ပြောသွားပါတယ်။
ပါလ်မာဟာ အခုတစ်ပတ်မှာ ကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပြီး ပထမဆုံးအကြိမ်ပွဲထွက် ကစားခွင့်ရဖို့ရှိပါတယ်။
မန်စီးတီးအသင်းကနေ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ချိန်မှာ ပွဲကစားခွင့်ရရှိရေးသာ အဓိကပစ်မှတ်ဖြစ်ခဲ့ကြောင်း အခုလို အင်္ဂလန်လက်ရွေးစင်အသင်းမှာ စောစောစီးစီး ရွေးချယ်ခံရလိမ့်မယ်လို့ ထင်မှတ်မထားကြောင်း ပါလ်မာက ပြောပါတယ်။
အသက် ၂၁ နှစ်ရှိ ကိုးလ် ပါလ်မာဟာ ချဲလ်ဆီးအသင်းနဲ့ ၁၄ ပွဲကစားအပြီးမှာ ၄ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Photo - Reuters