အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာခန်းပြည်နယ်မှာ အရင်နေ့က တည်ဆောက်ဆဲ ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျပြီးနောက် နိုဝင်ဘာ ၁၃ ရက်မှာ လုပ်သား အယောက် ၄၀ လောက် ပိတ်မိနေပြီးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်။
ဥမင်လိုဏ်ခေါင်းထဲက အပျက်အစီးတွေကို တူးဖော်တွေ့ရှိခဲ့ရပြီး ဥမင်လိုဏ်ခေါင်းရဲ့ ကြမ်းပြင် အပိုင်းမှာ အပျက်အစီးတွေ ပြုတ်ကျထားလို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တနင်္လာနေ့တွင် ပိတ်မိနေတဲ့အလုပ်သမားတွေကို အစားအစာနဲ့ ရေတွေ ပေးဝေခဲ့ပြီး အားလုံး ဘေးကင်းနေတယ်။
ပိတ်မိနေတဲ့ အလုပ်သမားတွေကို ညပိုင်းမှာ ကယ်ဆယ်နိုင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့က လက်ထောက်တပ်မှူး ကရန်းဗီးဆင်းဂ်ဘန်ဒါရီက ပြောပါတယ်။
Source/Photo-Reuters