မန်ယူကွင်းလယ်လူ အဲရစ်ဆင်နဲ့ တိုက်စစ်မှူး ဟွိုက်လန်းတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒိန်းမတ်လက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်သွားပါတယ်။
အဲရစ်ဆင်ဟာ လူတန်နဲ့ ကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ပွဲချိန် ၄၀ မိနစ်ကတည်းက လူစားလဲခဲ့ရသလို တိုက်စစ်မှူးဟွိုက်လန်းက ၇၉ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
သူတို့နှစ်ဦးစလုံးမှာ ဒဏ်ရာကိုယ်စီရှိခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒိန်းမတ်အသင်းဟာ ယူရိုခြေစစ်ပွဲအုပ်စုမှာ ဆလိုဗေးနီးယားနဲ့ ရမှတ်တူပေမဲ့ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဒီတစ်ပတ်ပွဲစဉ်တွေမှာ ဆလိုဗေးနီးယား၊ မြောက်အိုင်ယာလန်အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters