ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာတဲ့ ရဲ ၅ ယောက်ကို နိုဝင်ဘာ ၁၃ ရက်နေ့ ညနေမှာ ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးရမိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ချောင်းဖျားကနေ စစ်တွေမြို့နယ်ဘက်ကို ဟွန်ဒါစက်လှေနဲ့ ထွက်ပြေးလာတဲ့ ရဲ ၅ ယောက်ကို နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
အဲဒီရဲ ၅ ယောက်စီက သေနတ်အရှည် ၂ လက်နဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ရက္ခိုင့်တပ်တော်က စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေကြပြီး အချက်လက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။