လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အင်္ဂလိပ်ဘောလုံးပြိုင်ပွဲတွေမှာ ဂိုး ၂၀၀ ပြည့်မြောက်တဲ့ ကစားသမားတဦး ဖြစ်လာပါတယ်။
လီဗာပူးက ဘရန့်ဖို့ဒ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဆာလာက ၂ ဂိုးသွင်းခဲ့ပြီးနောက် အင်္ဂလိပ် ဘောလုံးလိဂ် ပြိုင်ပွဲတွေမှာ သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့တာပါ။
အင်္ဂလိပ်ဘောလုံးလိဂ် သမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားကတော့ ဂျင်မီဂရေ့စ် ဖြစ်ပြီး ချဲလ်ဆီး၊ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ သွင်းဂိုး ၃၅၇ ဂိုးအထိသွင်းပြီး စံချိန်တင်ထားတာ ဖြစ်ပါတယ်။
ထိပ်ဆုံး ၂၀ ဦးစာရင်းမှာ လက်ရှိကစားသမားတွေက စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်း တဦးပဲ ပါဝင်ပြီး သွင်းဂိုး ၂၁၃ ဂိုး သွင်းခဲ့တာပါ။
ဆာလာအနေနဲ့ အင်္ဂလိပ်ဘောလုံးလိဂ် သမိုင်းတလျှောက် ထိပ်တန်းဂိုးသွင်းသူများစာရင်းမှာ အဆင့် ၁၉ မှာ ရပ်တည်နေတဲ့ ဟယ်ရီကိန်းရဲ့ မှတ်တမ်းကို လိုက်မီဖို့ကတော့ နောက်ထပ် ၁၃ ဂိုးပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။
ဆာလာဟာ အခုနှစ်ရာသီ အိမ်ကွင်းပွဲစဉ် ၆ ပွဲဆက်တိုက် သွင်းဂိုးရရှိထားပြီး နောက်ဆုံးအိမ်ကွင်း ၁၅ ပွဲဆက်တိုက် သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
Photo-Reuters