ဂါနာတိုက်စစ်မှူး ရာဖေးလ်ဒွန်မီနာဟာ နှလုံးဖောက်ပြီး ကွင်းအတွင်းမှာပဲ လဲကျသေဆုံး သွားခဲ့ ပါတယ်။
အသက် ၂၈ နှစ်ရှိ လီဗန်တေး တိုက်စစ်မှူးဟာ အယ်လ်ဘေးနီးယားကလပ် အက်နာတီယာ အသင်းမှာ ကစားနေသူဖြစ်ပြီး ဒီရာသီမှာ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။
သူဟာ ပါတီဇာနီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၂၄ မိနစ်အရောက်မှာ ကွင်းအတွင်းလဲကျသွားပြီး သေဆုံးခဲ့တာပါ။
နှစ်ဖက်ဆေးအဖွဲ့ဝင်တွေက အလျင်အမြန် လာရောက် ကုသပေးခဲ့ကြပေမဲ့ နှလုံးပြဿနာ တခု ကြောင့် အသက်မမီတော့ဘဲ ကွယ်လွန်ခဲ့ရတာပါ။
ဂါနာ လက်ရွေးစင်အတွက် ၆ ပွဲကစား ၂ ဂိုးသွင်းပေးခဲ့သူ ဒွန်မီနာအတွက် ဝမ်းနည်းမိပြီး မိသားစုနဲ့အတူ ထပ်တူခံစားရကြောင်း ဂါနာ ဘောလုံးအဖွဲ့ချုပ် အပါအဝင် အသင်းဟောင်းတွေဖြစ်တဲ့ လီဗန်တေး၊ ဇာရာဂိုဇာ အသင်းတွေဘက်က ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်က သြစတြီးယားလိဂ်မှာကစားတုန်းကလည်း နှလုံးဖောက်ဖူးပြီး ဆေးရုံတင် ခဲ့ရဖူးတယ်လို့ သိရပါတယ်။
Photo-Reuters