စပိန်နိုင်ငံရဲ့ ယာယီဝန်ကြီးချုပ် ပေထရို ဆန်ချက်ဇ်ဟာ ဘက်စ် အမျိုးသားရေးဝါဒီပါတီ PNV ကို ကျောထောက် နောက်ခံပြုအပြီး ကက်တလန်ခွဲထွက်ရေးပါတီ ဂျွန့်စ်ရဲ့ ကျောထောက်နောက်ခံကို အာမခံပြီးတဲ့နောက် နိုဝင်ဘာ ၁၀ ရက်မှာ နောက်ထပ် ဝန်ကြီးချုပ် သက်တမ်းကို ထပ်ယူနိုင်ဖို့ နီးကပ်လာခဲ့ပါတယ်။
ဂျွန့်စ်နဲ့ PNV တို့ရဲ့ ထောက်ခံမှုကြောင့် ဆန်းချက်ဇ်ဟာ လာမယ့်ရက်တွေအတွင်း ကျင်းပမယ့် အဖွဲ့ဝင် ၃၅၀ ပါတဲ့ အောက်လွှတ်တော်က မဲခွဲမှုမှာ မျှော်မှန်းထားတာထက် ပိုပြီး အပြတ်အသတ် မဲအများစုရဖို့ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
စပိန်ကနေ ကာတာလိုးနီးယားပြည်နယ် ခွဲထွက်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံ နေရသူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ အငြင်းပွားဖွယ်ဥပဒေတရပ်ကို အတည်ပြုလိုက် ပြီးတဲ့နောက် ဂျွန့်စ်ပါတီနဲ့ ကြာသပတေးနေ့မှာ သဘောတူညီချက် ရရှိခဲ့ပါတယ်။
ဇူလိုင် ၂၃ ရက်မှာ ကျင်းပခဲ့တဲ့ မခိုင်လုံတဲ့ ရွေးကောက်ပွဲအပြီး ဆန်းချက်ဇ်ရဲ့ ဆိုရှယ်လစ်ပါတီဟာ လက်ဝဲစွန်းပါတီ ဆူမာ၊ ကာတာလန်၊ ဂါလစ်စီယံနဲ့ ဘက်စ် အမျိုးသားရေးဝါဒီပါတီတွေ အပါအဝင် ပါတီငယ်တွေနဲ့ သီတင်းပတ် များစွာကြာအောင် စေ့စပ်ဆွေးနွေးခဲ့ပါတယ်။
အများစုကတော့ သူ့ရဲ့ အရင်သက်တမ်းအတွက် ဆန်းချက်ဇ်ကို ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ထောက်ခံခဲ့ကြသူတွေ ဖြစ်ပါတယ်။
Source/Photo-Reuters