အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဟူကွမ်ဘာ ရေပူစမ်းရှိ နယ်စပ်တံတိုင်း လေဟာပြင် အစွန်းပိုင်းကို နိုဝင်ဘာ ၁၀ ရက်က မက္ကဆီကိုမှ ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်းများစွာဟာ အမေရိကန်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။
အခုလပိုင်းအတွင်း ဆန်ဒီယေဂိုအရှေ့ဘက် သဲကန္တာရထဲရှိ ယာယီစခန်းတခုမှာ နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေက ဖြတ်သန်းသွားလာနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စီမံဆောင်ရွက်ပေးဖို့ စောင့်ဆိုင်းနေကြတာပါ။
သောကြာနေ့မှာတော့ တချို့ရွှေ့ပြောင်းနေထိုင်သူတွေဟာ နယ်စပ်အာဏာပိုင်တွေဆီက မော်တော်ယာဉ်တွေထဲ တက်ရောက်သွားပြီးတော့ အစားအစာနဲ့ ရေကို လက်ခံရယူခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်းမှ ခိုလှုံခွင့်တောင်းခံသူ အရေအတွက် စံချိန်တင် များပြားနေတာကြောင့် အောက်တိုဘာလက အမေရိကန် နယ်ခြားစောင့် အရာရှိတွေဟာ အိုးရှင်းဆိုဒ် ကမ်းခြေမြို့က လူပေါင်း ၁၄၀၀ လောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာကို ဆန်ဒီယေဂို ဧရိယာရှိ လမ်းတွေပေါ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန် နယ်ခြားစောင့် အရာရှိတွေဟာ ဆန်ဒီယေဂို အပိုင်းကဏ္ဍမှာ သြဂုတ်လ အထိ ၁၁ လ အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၀၄,၂၀၀ ကျော်ကို ခေါ်ဆောင်ခဲ့ပြီး အဲဒီအရေအတွက်ဟာ အရင်နှစ် အလားတူကာလထက် ၂၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
အသစ်ရောက်ရှိလာသူ အများအပြားဟာ ခိုလှုံခွင့် တောင်းခံနေကြတာဖြစ်ပြီး သူတို့ရဲ့မွေးရပ်မြေမှာ ညှဉ်းပန်းနှိပ်စက်ခံရမှုကနေ အကာအကွယ် လိုအပ်ကြောင်း သက်သေပြဖို့ လိုအပ်ချက်တွေကို ရှာဖွေနေကြပါတယ်။
ခိုလှုံခွင့်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တရားရုံးတွေကတော့ အသနားခံစာတွေရဲ့ ၁၅ ရာခိုင်နှုန်း အောက် ကိုသာ ခွင့်ပြုပေးလေ့ရှိပါတယ်။
Source/Photo-Reuters