လက်ဘနွန်နိုင်ငံတောင်ပိုင်းက နေရာအသီးသီးကို အစ္စရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်မှာ နယ်စပ်ကို ဖြတ်ပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို ရိုက်တာသတင်းဌာနက ပြထားပါတယ်။
လက်ဘနွန် အခြေစိုက် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနယ်စပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟဇ်ဘိုလာတွေက ပြောပြီးတဲ့နောက် လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဒီဒေသမှာ တပ်လှန့်မှု မြင့်တက်လာခဲ့ပြီး အစ္စရေးစစ်တပ်က အမြောက်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို အစ္စရေးက ဗုံးကြဲပါတယ်။
ဟစ်ဇ်ဘိုလာရဲ့ ပါလက်စတိုင်းမဟာမိတ် ဟားမတ်စ်ကို အစ္စရေးက ကြည်းရေလေ စစ်မျက်နှာ ၃ ဖက်လုံးကနေ တိုက်နေလို့ ဟဇ်ဘိုလာတွေက အစ္စရေးကို တိုက်ခိုက်ခဲ့ တာပါ။
ဒါကြောင့် လက်ဘနွန်- အစ္စရေးနယ်စပ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အသေအပျောက် အများဆုံး အကြမ်းဖက်မှု ဖြစ်လာခဲ့ပါတယ်။
လက်ဘနွန်နယ်စပ်တလျှောက် ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၆၀ ကျော်နဲ့ အရပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
အစ္စရေးစစ်သား ခုနစ် ဦးထက်မနည်း နဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters