အာဆင်နယ်နဲ့ပွဲတုန်းက နယူးကာဆယ်အသင်းရဲ့ အနိုင်ဂိုးဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ် ကြောင်း ပရီးမီးယားလိဂ်ရဲ့ အဓိကပွဲစဉ်ဖြစ်ရပ်များကို လေ့လာစောင့်ကြတဲ့ အဖွဲ့ကထုတ်ပြန်ပါတယ်။
နယူးကာဆယ်အသင်းရဲ့သွင်းဂိုးနဲ့ ပတ်သက်ပြီး ပရိသတ်တွေအပါအဝင် နည်းပြ အာတေတာကလည်း ရှက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပွဲအပြီးမှာ အတိအလင်း ဝေဖန်ခဲ့တာပါ။
ပရီးမီးယားလိဂ်ရဲ့ အဓိကပွဲစဉ်ဖြစ်ရပ်တွေကို လေ့လာစောင့်ကြတဲ့အဖွဲ့ကတော့ နယူးကာဆယ်ဘက်က ဂေါ်ဒွန်သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ ပြန်လည်ပယ်ဖျက်ဖို့အတွက် လုံလောက်တဲ့ သက်သေမရှိကြောင်း ထုတ်ပြန်ခဲ့တာပါ။
အဲဒီအနိုင်ဂိုးမှာ ဘောလုံးကစည်းမကျော်ခဲ့သလို လူကျွံဘောလုံးမဖြစ်ခဲ့ကြောင်း၊ ဂါဘရီ ယယ်အနေနဲ့လည်း ဂျိုလင်တန်မတွန်းခင်ကတည်းက လဲကျခဲ့တာကြောင့် ပြစ်ဒဏ်ဘော မဟုတ် ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့မှာ ပရီးမီးယားလိဂ်နဲ့ ဒိုင်အဖွဲ့က တာဝန်ရှိသူတွေအပါအဝင် စုစုပေါင်း ၅ ဦးပါဝင်ပါတယ်။
Photo-Reuters