ဂျာမန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဝါ့ဇ်က ရောင်းချဖို့ မဟုတ်ကြောင်း လီဗာကူဆင် ဒါရိုက်တာက ပြောသွားပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ ဝါ့ဇ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြသနေပြီး သွင်းဂိုး ၆ ဂိုး၊ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားတာပါ။
သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြပြီး လီဗာပူးနည်းပြ ယာဂန်ကလော့ပ်နဲ့ အချိတ်အဆက်ရှိနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
လီဗာကူဆင်ဒါရိုက်တာ ရော့ဖ်ကတော့ ဝါ့ဇ်ကို ကမ်းလှမ်းတဲ့အသင်း မရှိသေးသလို ကမ်းလှမ်းဖို့လည်း မလိုအပ်ကြောင်း ထိပ်တန်းအသင်းတွေကို အသိပေးခဲ့တာပါ။ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဝါ့ဇ်အတွက် ပေါင်သန်း ၈၀ လောက် တန်ကြေး သတ်မှတ်ထားပါတယ်။
Photo-Reuters