ရုရှားရဲ့ ဝဂ္ဂနာ ကြေးစားစစ်သားဟောင်း အုပ်စုတစုဟာ ရုရှားတောင်ပိုင်း ချေချင်းညှာဒေသက အထူးတပ်ဖွဲ့တွေနဲ့ စတင်လေ့ကျင့်နေပြီလို့ ချေချင်းခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဗ်က ပြောလိုက်ပါတယ်။
ဝဂ္ဂနာ ကြေးစားစစ်တပ်ဟာ ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့ အပြင်းထန်ဆုံး တိုက်ပွဲတချို့မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမဲ့ အဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်ဟာ ရုရှားကာကွယ်ရေးဌာနအပေါ် တပ်တွင်းပုန်ကန်မှုကို အကျဉ်းချုံးဦးဆောင်ပြီး နှစ်လအကြာ သြဂုတ်လမှာ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ဝဂ္ဂနာရဲ့ အနာဂတ်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
ဝဂ္ဂနာတိုက်ခိုက်ရေးသမားဟောင်းတစုဟာ ကိုယ်ပိုင် အက်ခ်မတ် အထူးတပ်ဖွဲ့တွေနဲ့ အပြင်းအထန် လေ့ကျင့်နေတယ်လို့ ကာဒီရော့ဗ်က တယ်လီဂရန် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ဒီနေ့ နာမည်ကြီး အက်ခမတ်တပ်ဖွဲ့ရဲ့ တန်းခွဲတွေကို တိုက်ခိုက်ရေးအတွေ့အကြုံ ကောင်းတွေနဲ့ သတ္တိရှိပြီး အစွမ်းထက်တဲ့ စစ်သည်တော်တွေအဖြစ် သက်သေပြခဲ့တဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းခဲ့တာကို ဝမ်းမြောက်မိပါတယ်” လို့ ကာဒီရော့ဗ်က နိုဝင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters