ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ လာဟိုးမှာ လေထုအရည်အသွေးက အန္တရာယ်ရှိတဲ့ အဆင့်မှာ ရှိနေဆဲဖြစ်ပြီး ပိုများတဲ့ အဆိပ်သင့် မီးခိုးမြူတွေကြားမှာ နိုဝင်ဘာ ၇ ရက်က မြို့ခံတွေ နိုးထခဲ့ရပါတယ်။
လာဟိုးရဲ့ လေထုအရည်အသွေး ညွှန်းကိန်းက အင်္ဂါနေ့မှာ ၃၄၈ အထိ ရှိနေခဲ့တာပါ။ လေထုအရည်အသွေး ညွှန်းကိန်း သုညကနေ ၅၀ ထိက ကောင်းတယ်လို့ သတ်မှတ်ထားပြီး ၅၀ အထက်ကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းအတွက် မကျန်းမာစေတဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။ ညွှန်းကိန်းအဆင့် ၃၀၁ ကနေ ၅၀၀ ကြားကတော့ အန္တရာယ်ရှိတဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။
အရင်အပတ်က ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး ညွှန်းကိန်းအဖွဲ့ IQAir ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယမြို့တော် နယူးဒေလီပြီးရင် လာဟိုးဟာ ကမ္ဘာပေါ်မှာ ဒုတိယ အညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပါတယ်။
လာဟိုးမြို့ဟာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော်ပါ။ ခုတော့ ကျောင်းတက်ရင် ကျောင်းသားအားလုံး နှာခေါင်းစည်းတွေ ဝတ်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မီးခိုးထွက်တဲ့ ကားတွေနဲ့ ဂျုံစိုက်ဖို့ မြေရှင်းတဲ့အနေနဲ့ စပါးစိုက်ခင်းထဲက ရိုးပြတ်တွေကို မီးရှို့တာတွေကို ရဲတွေက ဖမ်းဖို့ တာဝန်ချထားပါတယ်။
Source/Photo-Reuters