ချီလီနိုင်ငံတောင်ပိုင်း ကော်ရိုနဲလ်မြို့ရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်ကြတဲ့ ရပ်ကွက်မှာ နိုဝင်ဘာ ၆ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
မြေသားလမ်းတွေနဲ့ သွပ်မိုးအိမ်တွေ စီတန်းထားတဲ့ အလုပ်သမားလူတန်းစားရပ်ကွက်ရှိ နေအိမ်တွေမှာ သေဆုံးသူတွေဟာ အထောက်အထားမဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ပုံရကြောင်း မြို့တော်ရဲ့ အစိုးရရှေ့နေ ဟူးဂိုး ကရူးဗက်စ်က ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာ နေအိမ်ကို နိုဝင်ဘာ ၇ ရက် အင်္ဂါနေ့မှာ တာဝန်ရှိသူတွေ ဝင်လိုက်ထွက်လိုက် အလုပ်များနေကြတာကို နယ်မြေခံတွေက ဝိုင်းအုံစုရုံး ကြည့်ရှုနေကြပါတယ်။
တာဝန်ရှိသူတွေကတော့ သေဆုံးသူတွေရဲ့ နာမည်စာရင်းကို အတည်ပြုနေကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နေဆဲဖြစ်ပါတယ်။
ကနဦးသတင်းတွေအရ လက်လုပ်မီးဖိုမှ မီးလောင်မှု စတင်ဖြစ်ပွားပြီးနောက် ပျဉ်ထောင်အိမ်ကို ကူးစက်လောင်ကျွမ်းသွားတာလို့ သိရပါတယ်။
Source/Photo-Reuters