ခွဲစိတ်ကုသမှုခံယူရမည့် စပါးတိုက်စစ်မှူး ရစ်ချာလီဆင် ကာလရှည်အနားယူရန်လိုအပ်
DVB
·
November 8, 2023
တင်ပါးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမယ့် စပါးတိုက်စစ်မှူး ရစ်ချာလီဆင်ဟာ ကာလရှည် အနားယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ တင်ပါးဒဏ်ရာကို ၈ လကြာ ခံစားနေခဲ့ရတာဖြစ်ပြီး ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပါးအသင်းနဲ့ ဘရာဇီးအသင်းအတွက် တိုက်ခိုက်ပေးခဲ့ရလို့ ကိုယ့်ဒဏ်ရာအခြေအနေအပေါ် အာရုံမစိုက်နိုင်ခဲ့ကြောင်း ရစ်ချာလီဆင်က ပြောပါတယ်။
ရစ်ချာလီဆင်ဟာ တင်ပါးဒဏ်ရာ ခွဲစိတ်ကုသရမယ့် အခြေအနေကြောင့် ဘရာဇီးအသင်း ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။
Photo-Reuters