Home
မြန်မာသတင်း
ရှမ်းမြောက် တိုက်ပွဲဖြစ်နေသော်လည်း တောင်ကြီးမီးပုံးပျံပွဲကို ၇ ရက်ဆက် ကျင်းပမည်
DVB
·
November 8, 2023
TaungGyi Fire Ballon_01_08112023

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အစဉ်အလာမပျက် တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၇ ရက်ဆက်တိုက် ကျင်းပမှာဖြစ်တယ်လို့ ရိုးရာမီးပုံးပျံပညာရှင်တွေဆီက သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အဝေရာ မီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အထိ ၇ ရက်ဆက်တိုက် ကျင်းပမယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ခံတဦးက “ဆုကြေးငွေများလို့ လာပြိုင်ကြတာရော ဖိအားပေးပြီး ဝင်ပြိုင်ခိုင်းလို့ ပါကြတာရော ရှိပါတယ်။ တချို့ကလည်း ကိုယ့်ဝါသနာအရ တကယ်ပါဝင်ချင်လို့ကို စာရင်းလာပေးထားကြတာတွေ ရှိတယ်။ နားထားတာလည်း ကြာနေလို့ ပြန်လုပ်ချင်ကြတာပေါ့ဗျာ” လို့ ပြောပါတယ်။

ပွဲတော်မှာ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲ အပါအဝင် ညလွှတ် ညမီးကြီးမီးပုံးပျံ ၂၅ ပေ ၊ ၁၅ လုံး နဲ့ ၂၂ ပေ ၂၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၈ ပေ ၂၅ လုံးအပြင် ညလွှတ်မီးပုံးပျံအလုံးရေ စုစုပေါင်း ၆၃ လုံး လွှတ်တင်သွားမယ်လို့ ရိုးရာမီးပုံးပျံ ပညာရှင်အသင်းဆီက သိရပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်တို့မှာ ပြိုင်ပွဲလုံးဝရပ်နားထားခဲ့ရပြီး ၂၀၂၂ ခုနှစ်က ပြန်လည်ကျင်းပချိန်မှာလည်း နေ့လွှတ်မီးပုံးပျံတွေကိုသာ ယှဉ်ပြိုင်စေခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024