Home
မြန်မာသတင်း
မြဝတီ အာရှလမ်းတွင် တွဲကားတိုက်မိပြီး လူငယ် ၂ ဦးသေဆုံး
DVB
·
November 7, 2023
CarAccident_07112023

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ၂၇၅ စစ်တပ်ရှေ့ အာရှလမ်းပေါ်မှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ကုန်တင်တွဲကားတစီးနဲ့ ဆိုင်ကယ်တိုက်မိပြီး လူငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ မဲကနယ် လူမှုကူညီရေးအသင်းက ပြောပါတယ်။

မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်က မြဝတီကုန်သွယ်ရေးဇုန်ကို မောင်းနှင်လာတဲ့ တွဲကားဟာ ဆိုင်ကယ်နဲ့ ဝင်တိုက်မိရာကနေ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ လူသေဆုံးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြဝတီ မဲကနယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အသင်းကို ဖုန်းဆက်ပြောတာပါ။ ဟိုရောက်တော့ မသေသေးတဲ့တယောက်ကို တွေ့လို့ ဆေးရုံကို အမြန်ပို့ပေးတာပါ။ အာရှလမ်းမ ၂၇၅ စစ်တပ်နဲ့ ကျောင်းအရှေ့မှာပဲ။ တွဲကားက မြို့ထဲဘက်ကနေ လာတာ။ သေဆုံးက ကောင်လေး ၂ ယောက်၊ အသက် ၁၆ နှစ်အရွယ်တွေပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အသက် ၁၆ နှစ်အရွယ် အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး ကျန်တဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကာ တွဲကားယာဉ်မောင်းမှာ မစိုးရိမ်ရ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

စိုးရိမ်ရ အနီရောင်အဆင့်လူနာကို မဲကနယ်အသင်းယာဉ်နဲ့ ‌မြဝတီ‌ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပေမဲ့ သေဆုံးသွားတယ်လို့ သိရပြီး သေဆုံးသူ ၂ ဦးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရရှိပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024