ရုရှားဟာ Radio Free Europe (RFE/RL) သတင်းဌာနရဲ့ သတင်းထောက်တွေထဲက တယောက်ကို အမေရိကန်နဲ့ အကျဉ်းသားလဲဖို့ ဓားစာခံအဖြစ် ခေါ်သွားမှာ စိုးရိမ်လို့ သူ့ကို ရက်ရက်စက်စက် မဆက်ဆံဖို့ ရုရှားအစိုးရကို ပန်ကြားထားတယ်လို့ Radio Free Europe (RFE/RL) အသံလွှင့်ဌာနရဲ့ ယာယီဥက္ကဋ္ဌက ပြောပါတယ်။
RFE/RL ရဲ့ ရုရှား-အမေရိကန် သတင်းထောက် အယ်လ်ဆူ ကူရ်မာရှီဗာဟာ အောက်တိုဘာ ၁၈ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
သူ့အမေဆီ သွားလည်အပြီး ရုရှားနိုင်ငံကနေ ပြန်ထွက်ဖို့ ကြိုးစားနေတုန်း ဇွန်လမှာ အဖမ်းခံခဲ့ရပါတယ်။
အသက် ၄၇ နှစ်အရွယ် ကူရ်မာရှီဗာဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းစစ်ပွဲ စတင်ပြီးတဲ့နောက် ရုရှားမှာ အဖမ်းခံရတဲ့ ဒုတိယမြောက် အမေရိကန်သတင်းထောက် ဖြစ်ပါတယ်။
သူ့မှာ အမေရိကန် နိုင်ငံကူးလက်မှတ်ရှိတာကို ထုတ်ပြောဖို့ ပျက်ကွက်ခဲ့ပြီး တရားရုံးတရုံးက ရုရှားဥပဒေအရ မဖြစ်မနေ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။
အဲဒီနောက် သူ့ကို “နိုင်ငံခြားအေးဂျင့်အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်မှု” နဲ့ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံထားရပြီး သူကတော့ အပြစ်မရှိကြောင်း ဝန်ခံထားပါတယ်။
RFE/RL သတင်းဌာနဟာ နိုင်ငံရေးလို့ ရုရှားအစိုးရက ယူဆတဲ့ လှုပ်ရှားမှုအတွက် နိုင်ငံခြား ရန်ပုံငွေ ရထားလို့ ရုရှားက “နိုင်ငံခြားအေးဂျင့်” အဖြစ် သတ်မှတ်ခံထားရပါတယ်။
သူ့အပေါ် စွဲဆိုချက်တွေက ပြင်းထန်မှု သိပ်မရှိပေမဲ့ သူနဲ့ အစောပိုင်းက အဖမ်းခံထားရတဲ့ အမေရိကန်သတင်းထောက် ဂက်ရှ်ကိုဗစ်ချ်တို့ကို အကျဉ်းသားချင်းဖလှယ်ဖို့ ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် ဖမ်းတာလို့ Rfe/RL ယာယီဥက္ကဋ္ဌ ဂျက်ဖရီ ဂဒ်မင်က ထင်ကြေးပေးထားပါတယ်။
Source/Photo-Reuters