လက်ဘနွန်နိုင်ငံရှိ ရှီအိုက်စစ်သွေးကြွ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က နိုဝင်ဘာ ၆ ရက်မှာ အတည်ပြုပါတယ်။
ဒါဟာ အစ္စရေးမြောက်ပိုင်းမြို့တွေကို ဒုံးကျည်အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပစ်မှတ်တွေ ထိမှန်သွားတဲ့ ဝေဟင်မြင်ကွင်း ၂ ခုကို ဗီဒီယိုနဲ့တကွ ပြီးခဲ့တဲ့တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဗီဒီယိုမှတ်တမ်းရဲ့ တည်နေရာနဲ့ ရက်စွဲကိုတော့ ရိုက်တာသတင်းဌာနက သီခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟက်ဂါရီ ကတော့ တိုက်လေယာဉ်တွေဟာ ကျယ်ပြန့်တဲ့ပစ်မှတ် အများအပြားအပေါ် တိုက်ခိုက်လျက် ရှိတယ်ဆိုပြီး သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် အစ္စရေးနိုင်ငံကို တိုက်ခိုက်လာချိန်တိုင်းမှာ စစ်တပ်ဘက်က “သိသာထင်ရှားတဲ့ တုံ့ပြန်မှုတွေ” ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters