အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဂျပန်နိုင်ငံ ယိုကိုတာ လေတပ်စခန်းကို နိုဝင်ဘာ ၇ ရက်က ရောက်ရှိလာပြီး G7 အဖွဲ့ဝင်တွေနဲ့ မြို့တော်တိုကျိုမှာ တွေ့ဆုံဖို့ရှိနေပါတယ်။
G7 ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်တို့နဲ့ ဥရောပသမဂ္ဂအဖွဲ့တို့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ တိုကျိုမြို့မှာ တွေ့ဆုံပြီး ယူကရိန်းက ရုရှားစစ်ပွဲနဲ့ အစ္စရေး-ဂါဇာ ပဋိပက္ခ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာပါ။
ရုရှားဟာ ယူကရိန်းမှာ စစ်ပွဲတွေကို ကာလကြာရှည် အခြေတကျ ပြုလုပ်ထားတယ်လို့ G7 နိုင်ငံတွေက အသိအမှတ်ပြုထားပြီး ဒီအပေါ်မှာ ကြာရှည်ခံမယ့် စစ်မက်ရေးရာနဲ့ စီးပွားရေးထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ အမေရိကန်က စက်တင်ဘာလထဲမှာ ပြောကြားထားပါတယ်။
ယူကရိန်းအရေးဟာ အရပ်သားထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အစ္စရေး-ဂါဇာ အကျပ်အတည်းထက် ပိုမိုဖြေရှင်းကိုင်တွယ်ရ လွယ်ကူကြောင်း ပြောဆိုသံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
စစ်မက်ဖြစ်ပွားချိန်ကတည်းကစလို့ G7 နိုင်ငံတွေက ပူးပေါင်းပြီး စာကြောင်းအနည်းငယ်သာပါတဲ့ ကြေညာချက်တခုသာ ထုတ်ပြန်ခဲ့ပါတယ်။ တခြားအဖွဲ့ဝင်နိုင်ငံတွေကလည်း သီးခြား ထုတ်ပြန်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
Source/Photo-Reuters