နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ခံခဲ့ရတဲ့ ရုရှားအိုလံပစ်ကော်မတီရဲ့ အယူခံလျှောက်လဲချက်ကို အားကစားဆိုင်ရာ ခုံသမာဓိရုံး (CAS) မှာ လျှောက်တင်ခဲ့တယ်လို့ လွတ်လပ်သော တရားစီရင်ရေးအဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းရဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို ချိုးဖောက်ခြင်းအတွက် IOC ဟာ ရုရှား အိုလံပစ်ကော်မတီကို အောက်တိုဘာ ၁၂ ရက်က ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။
ရုရှားအိုလံပစ်ကော်မတီက သူတို့အဖွဲ့ဝင်အဖြစ် ယူကရိန်းအမျိုးသားအိုလံပစ်ကော်မတီ (NOC) ရဲ့ အခွင့်အာဏာအောက်မှာရှိတဲ့ ဒွန်းညက်စ်၊ ခါဆွန်၊ လူဟန့်စ်နဲ့ ဇာပိုရစ်ဇူဟီရာ တို့က ဒေသဆိုင်ရာ အားကစားအဖွဲ့အစည်းတွေကို ထည့်သွင်းဖို့ အောက်တိုဘာ ၅ ရက်မှာ တဖက်သတ် ဆုံးဖြတ်ခဲ့ပါတယ်။
ဒါဟာ အိုလံပစ်ပဋိဉာဉ်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ IOC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှရှားအိုလံပစ်ကော်မတီဟာ အခုအယူခံမှာ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters