အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်တဲ့ အချက်နှစ်ချက်ကို အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ထောက်ပြသွားပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး လိဂ်ပထမဆုံးရှုံးပွဲ စတွေ့ခဲ့ပါတယ်။
အင်္ဂလန်နဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ အာဆင်နယ်အသင်းမှာ ဂိုးသမားနေရာနဲ့ တိုက်စစ်ပိုင်းမှာ ပြဿနာရှိနေပြီး ချန်ပီယံမဖြစ်နိုင်တဲ့ အချက်နှစ်ချက်ဖြစ်ကြောင်း ထောက်ပြခဲ့တာပါ။
“အာဆင်နယ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့ ဂိုးသမားနဲ့ တိုက်စစ်မှူး ရှိပြီလို့ ထင်ပါသလား။ သူတို့မှာ မရှိဘူးလို့ထင်ပါတယ်။ ချန်ပီယံဖြစ်တဲ့အသင်းတိုင်းမှာ အဲဒီနေရာက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်” လို့ ကာရေဂါက ပြောပါတယ်။
ဂိုးသမား ရမ်စ်ဒေးကို အရန်ခုံပို့ပြီး ဒေးဗစ်ရာယာကို အသုံးပြုတဲ့အပေါ်မှာလည်း ကာရေဂါက ဝေဖန်သွားခဲ့ပါတယ်။
Photo-Reuters