Home
မြန်မာသတင်း
မော်လမြိုင်မြို့ခံ ၁ ဦးကို နိုင်ငံရေးလှုံ့ဆော်စာသားရေးသားမှုဖြင့် စွပ်စွဲ ဖမ်းဆီး
DVB
·
November 6, 2023
Mawlamyaing_06112023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို သူ့ရဲ့ Tiktok စာမျက်နှာပေါ်မှာ မဟုတ်မမှန် ရေးသားတယ်ဆိုပြီး နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ စစ်ကောင်စီက အမှုဖွင့် အရေးယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုကိုထွဋ် - Tiktok အကောင့်ပိုင်ရှင် အသက် ၂၉ နှစ်အရွယ် ကိုကိုထွဋ်ဟာ စစ်ကောင်စီဝန်ကြီးတွေ နေထိုင်တဲ့ အိမ်ရာက အတားအဆီးတွေကို ဗီဒီယိုရိုက်ကူးပြီး မမှန်မကန်သတင်းတွေ ရေးသားဖြန့်ဝေတာနဲ့ နိုင်ငံရေးလှုံ့ဆော်တဲ့စာသား ရေးသားတာတွေကို ပြုလုပ်ခဲ့တာကြောင့် အခုလို အမှုဖွင့် အရေးယူရတာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ (သို့) အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ အပါအဝင် လူမှုကွန်ရက်တွေကတဆင့် နည်းမျိုးစုံနဲ့ ပြုလုပ်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်နေ Daw Khin Khin Wai ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ဖြစ်သူ ခင်ခင်ဝေ (ခ) ကောက်ကောက်ကို လူမှုကွန်ရက် စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်စာသားတွေ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်မှုဇုန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ် ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024